နယ်ရုံးများ၏သတင်းများ

Apr 06,2022
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အမှတ်စဉ်(၃/၂၀၂၂) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။
Apr 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊လင်းခေးစာ စစ်ဌာန၌ ၂၀၂၂ခုနှစ်တက္က သိုလ်ဝင် စာမေးပွဲပဥ္စမ‌နေ့ ရူပဗေဒဘာသာရပ်အား ယနေ့ နေ့လယ် ၁၂နာရီက ကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။
Apr 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်အသိပညာပေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ပုဇွန် တောင်မြို့နယ် အ.ထ.က( ၂)ကျောင်းတွင် ၂၀၂၂ခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပ ဗေဒဘာသာရပ်အား ယနေ့နံနက်( ၉)နာရီမှ (၁၂)နာရီ ထိ ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္က သိုလ်ဝင် စာမေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်း ညွှန်ချက်များနှင့် အညီ ၂၀၂၂-ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉) ရက် နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၂-ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗေဒဘာသာရပ်ကို မြို့နယ်အတွင်းရှိ အထက-၂ကျောင်းတွင် ဆက်လက်ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၈၃)ရာခိုင်နှုန်း အေးချမ်းစွာ ဝင်ရောက် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေး ဌာနမှ သိရသည်။
Apr 05,2022
ပြည်သူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန် စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူ တက္ကသိုလ်စိုးမိုးနိုင် ရေးသားထားသည့် “အောင်မြင် သူတို့၏ရွှေနှလုံးသား ရွှေစည်မျဉ်းနှင့် အောင်မြင်မှုအနုပညာ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာကြည့်တိုက်သို့ မအားလပ်သဖြင့် မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ