နယ်ရုံးများ၏သတင်းများ

Apr 04,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ စာရေးဆရာအကြီးကိုကို(ကသာ)နှင့် ဆရာဆောင်းဝင်းလတ်တို့ ရေးသားသည့် ပြောပြချင်တဲ့လောက အမြင်အတွေးရသစာစုများ စာအုပ်ဖြင့် မြို့နယ် Book Club အဖွဲ့ဝင်များက ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ အေရိုးဗစ်သင်တန်းကို ခရိုင်ပြန်ဆက် ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
Apr 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူး‌ပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်၊ လူရွယ်များအား ဉာဏ်ရည် မြင့်မားရေး စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “သမီးတို့ရဲ့ အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ကျင်းပခဲ့ကြောင်း သိရသည်။
Apr 04,2022
နွေရာသီကျောင်းများပိတ်သည့်ကာလအတွင်း လူငယ်လူရွယ်များ လမ်းမှားပေါ်သို့မရောက်ရှိစေရေးနှင့် လူငယ်လူရွယ်များဦးနှောက်ဖြတ်ထိုးဉာဏ် ပိုမိုကောင်းမွန်စေရေးအတွက်  အားကစားနည်းတစ်မျိုး​ဖြစ်သည့် စစ်တုရင်ကို လူငယ်လူရွယ်များ တတ်​​​မြောက်ကျွမ်းကျင်ပြီးပြိုင်ပွဲအဆင့်သို့
Apr 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်များ၏ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
Apr 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ဆောင်းကြက် သွန်နီ စိုက်ပျိုးတောင်သူများ ယမန်နေ့ နံနက် ၃နာရီခွဲအချိန်တွင် ရွာသွန်းသည့်မိုး ကြောင့် ထန်းလယ်ချောင်းရေကျကာ ဆောင်းကြက်သွန်နီစိုက်ခင်းများအချိန်မကုန်မီနုတ် သိမ်းနေရကြောင်း ကျောက်ပန်းတောင်းမြို့နယ် ၊လဲဂွကျေးရွာမှကြက်သွန်စိုက်ပျိုးတောင်သူ ဒေါ်ဝိုင်းငြိမ်းထံမှ သိရသည်။