နယ်ရုံးများ၏သတင်းများ

Apr 05,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  ဘောဂလိမြို့ တွင်  ကိုဗစ်-၁၉ရောဂါကို   ပိုမိုထိ ရောက်စွာ  ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်  ကူးစက်ပြန့်နှံ့မှု  လျော့နည်းကျဆင်းစေရန်  ရည်ရွယ် ၍   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို   အရှိန်အဟုန်မပျက်   ထိုးနှံ ပေးလျက်  ရှိကြောင်း   သိရသည်။
Apr 05,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီမှ စ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက် အကူပြုအသင်း နှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ငါးကယ်အုပ်စု၊ တောင်ယာတောကျေးရွာရှိ၊ နန္ဒဝန်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန( Community Centre )ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူး စိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Apr 05,2022
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို တစ်ရာခိုင်နှုန်းပြည့်မီရေးအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် တစ်အိမ်တက်တစ်အိမ်ဆင်း​ ကောက်သိမ်းကောက်စနစ်ဖြင့်စီမံချက်ပါအတိုင်း ဆောင်ရွက်လျက်ရှိရာ
Apr 05,2022
၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မဟာသင်္ကြန် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ စမ်းချောင်းမြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ပန်းချီပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီ အခမဲ့သင်တန်းအဖြစ် အခြေခံပန်းချီသင်တန်းကို ဧပြီလ(၃)ရက် နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။