မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆပ်ပြာအဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

မူဆယ်     ဧပြီ   ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉:၃၀ နာရီက ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဝန်ထမ်းများ မိမိမီးဖိုချောင် သက်သာချောင်ချိနိုင်ရေး တစ်ခုခုပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းမပျက် မိသားစုသက်သာစေရေး အကျိုးကျေးဇူးများစသည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဝန်ထမ်းများ တစ်ဦးတစ်ယောက်ချင်းစီမှ လက်တွေ့ပြုလုပ်ကာ နေ့လည် ၁၂ နာရီအချိန်ခန့်က ပြုလုပ်ပြီးစီးခဲ့သည်။

ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စုစုပေါင်း ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇင်မောင်(မူဆယ်)