ရမည်းသင်း ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး မှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်များ ရရှိရန်နှင့် လုပ်ငန်း ခွင်အတွင်း ကျွမ်းကျင်မှု ရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရေးသားထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်မှ အခန်း(၅)(၆)နှင့်(၇)ကိုတတိယပတ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြန်မာ နိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်း (၅)၊(၆)နှင့်(၇)ကို ဝန်ထမ်းတစ်ဦးချင်းဖတ်ကြားပြီး ခရိုင်ဦးစီးမှူးကဖတ်ရှူ့ပြီးသည့် အခန်း အလိုက် ဝန်ထမ်းများမှမိမိနားလည်သလိုပြန်လည်မျှဝေဆွေးနွေးစေပြီးခရိုင်ဦးစီးမှူးကဖြည့်စွက်ရှင်း လင်းဆွေးနွေးကာ ဝန်ထမ်းများ၏အရည်အသွေးမြင့်မားစေရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် ဌာန၏လုပ်ငန်းများ အရှိန်အဟုန်မပျက်စေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ် တစ်လ၂ ကြိမ်ပြုလုပ်သွား မည်ဖြစ်ပြီးဝန်ထမ်းများကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါအန္တရာယ် စည်းကမ်းချက်များနှင့်အညီ နေထိုင်ရေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)