တွံတေးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို

တွံတေး ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူ များမှ ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ နေ့လယ် ၁၂ နာရီထိ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/ ကျောင်းသူ များ၀င်ရောက် ဖြေဆိုကြရာတွင် လျှောက်လွှာတင်သွင်းသူ ကျား (၃၉၆) ဦး၊ မ (၅၅၄) ဦး၊ စုစုပေါင်း (၉၅၀) ဦးရှိရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်း ပင်မဆောင်တို့ တွင် စာစစ်ဌာန (၂)ခု ယနေ့ဖြေဆိုသူ ကျား(၂၉၁)၊ မ (၄၅၇ ) စုစုပေါင်း(၇၄၈) သာ၀င် ရောက်ဖြေဆိုကြ ပြီး ဖြေဆိုမှုရာခိုင်နှုန်း  ၈၄.၀၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်၊၊

ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်မြင့် အဖွဲ့၀င်(၁)ဗိုလ်မှူးဇာနည်​မောင်နှင့် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရေးကြီးကြပ်မှု ကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူ များက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးသား