ပိုင်ကျုံ ဧပြီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ သမိုကျေးရွာအုပ်စု၊ သမိုကျေးရွာ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်( ၂ )နှစ်အောက် ကလေးငယ်များ (၃၄၃)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၃၉၃၅၀၀၀/-)ကို ယမန်နေ့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းလုပ်ငန်းတွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များထံ လက်ဝယ်အရောက်ပေးအပ်လျက်ရှိပြီး ပိုင်ကျုံမြို့တွင်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၂၇)အုပ်စုအတွင်းရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များစုစုပေါင်း(၃၇၅၈)ဦးတို့အတွက်(အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမ သုံးလပတ်တွင် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၅၇၂၇၅၀၀၀/-)ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)