နယ်ရုံးများ၏သတင်းများ

Apr 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ဝန်ထမ်းများ အရည်အသွေး တိုးတက်မြင့်မားစေရန်နှင့် ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် စနစ်ကျပြီးတိကျမှန်ကန်မှုရှိစေရန် ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 06,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီက နွေရာသီ ကျောင်းပိတ် ရက်တွင် အားလပ်နေသောမူလတန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ဉာဏ်ရည် ဉာဏ်တွေး ထက်မြက်လာစေရန်၊ပြင်ပ ဗဟုသုတများနှင့်အသိပညာများ တိုးပွားလာစေရန် နှင့်စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုလာနိုင်စေရေးအတွက် ရည်ရွယ်ပြီး စကားပုံဆက်ပြိုင်ပွဲနှင့် ပျော်ရွယ်ဖွယ် ကစားနည်းများ ကျင်းပပေးခဲ့သည်။
Apr 06,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်လျှပ်စစ်ရုံးခန်းမ၌ လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Apr 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံ မျိုးစုံ စိုက်ပျိုးလျက်ရှိရာ အရှေ့သပြေသာကျေးရွာတွင် သိပ္ပံနည်းကျစိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ နှမ်းသီးနှံစိုက်ပျိုးရာတွင် စိုက်နည်းအမျိုးမျိုးဖြင့်စိုက်ပျိုးနိုင် သော်လည်း လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်စေရန်အတွက် သိပ္ပံ နည်းကျတန်းစိုက်စနစ်ဖြင့် စိုက်ပျိုးပါက ပို၍အောင်မြင် ဖြစ်ထွန်းကြောင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်းဖြင့် အပင်ထူပါကအလွယ်တကူသားခွဲနိုင်ခြင်း၊ ပေါင်းရှင်းရန်လွယ်ကူခြင်း၊ ရေကိုထိန်းညှိ၍ အသွင်း အထုတ်ပြုလုပ်နိုင်ခြင်းများကြောင့် ပိုမိုဖြစ်ထွန်းကြောင်း တောင်သူဦးမြင့်အောင်က ပြောပြသည်။
Apr 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်း  ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ   ကသင်္ဂတုံ ကျေးရွာအတွင်းရှိ  လမ်းဆုံနေရာများတွင်    မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊  ကျန်းမာရေး၀န်ထမ်းများ၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့်  ပရဟိတ အဖွဲ့၀င်များကHand Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Apr 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေနှင့်၊ ဒေသ‌နေပြည်သူများသွားလာမှု အဆင်‌ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းများ၊ တံတားများဆောင်ရွက်ပေးသည့်အပြင် မြို့သာယာလှပရေးအတွက် Flower Boxများ ကိုလည်းတည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 06,2022
မိုးကုတ်မြို့ တွင် ယမန်နေ့ နေ့လည်(၂ )နာရီအချိန်က အထက( ၁) ကျောင်းရှေ့ လမ်းဆုံနေရာ တွင် ခရီးသွားပြည်သူများအားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါ စတင်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။