ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများ ပူးပေါင်း ၍ စာဖတ်ဝိုင်းကျင်းပ

ကျောက်တန်း ဧပြီ ၅

ပြည်သူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန် စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူ တက္ကသိုလ်စိုးမိုးနိုင် ရေးသားထားသည့် “အောင်မြင် သူတို့၏ရွှေနှလုံးသား ရွှေစည်မျဉ်းနှင့် အောင်မြင်မှုအနုပညာ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက စာဖတ်ဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကို မြတ်နိုး တန်ဖိုး ထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်အတွက် စာဖတ်ဝိုင်းများကို မြို့နယ်အသီးသီးရှိသော ပြန်/ဆက်ဦးစီးဌာနများအနေဖြင့် လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 ဆက်လက်ပြီး Book Club အသင်း အဖွဲ့ဝင်  မသွန်းနဒီဇော်က “ဝန်နှင့်အား လေးနှင့်မြား မျှတပါစေ”၊ Book Club အဖွဲ့ဝင် မချစ်စုဝေက “လူငယ်နှင့်မလိုလားအပ်သောအလေ့အထများ” စသည့် စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်