ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဟိုပင် ဧပြီ ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်တွင် ကလေးများအား အသိပညာဗဟုသုတ တိုးပွါးစေရန်နှင့် တီထွင်ကြံဆတတ်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြဇေယျာရပ်ကွက်အတွင်းရှိ စာဖတ်ပရိတ်သတ် ကလေးငယ် (၂၀)ဦးတို့က လာရောက်ပါဝင် ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးနှင့် စာပေချစ်မြတ်နိုးသူ အသင်းဝင်များက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လင်းသွယ်ဦး(ပြန်/ဆက်)