ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အသားချောင်းများ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ကြံခင်း ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ တားမြစ်အစားအစာများကို မစားစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းသည်ခ ရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွတ်ကဲမှုဦးစီးဌာန၏ ထောက်ခံချက်မရှိပဲ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသော အသင့်စားအသားလုံးများ၊ အသားချောင်းများ၊ အသားပြားများနှင့် ပင်လယ်စာအမျိုးမျိုးတို့ကို ဈေးကွက်နမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးရာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် အစားအသောက်နမူနာ (၂၁)မျိုးအား ဈေးဆိုင်များတွင် ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင် (၅)ဆိုင်အား စစ်ဆေးခဲ့ရာ စားသုံးရန်မသင့်သည့်အသားချောင်းများ ရောင်းချခြင်းမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)