ကျောက်ဆည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပညာပေးဆွေးနွေး

ကျောက်ဆည် ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည် ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ယနေ့နံနက်(၉)နာရီက မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားမှုမရှိစေရေး မြို့ပေါ်ရပ်ကွက်များသို့ကွင်းဆင်းပြီး မီးဘေး ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေးနှင့် မီသတ်တပ်ဖွဲ့ဝင်များက နွေရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေး အန္တရာယ်မကျရောက်စေရန်အတွက် လျှပ်စစ်မီးနှင့်လျှပ်မီးဖိုများသုံးစွဲရန်တွင် စနစ်တကျ သုံးစွဲ သွားကြရန်နှင့် ဖရောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ရာဝင်ချိန်တွင် သတိထား မီးငြှိမ်းသတ်ရေး၊ နေအိမ်များတွင် ရေအိပ်၊ ရေပုံး၊ သဲအိပ်၊ သဲပုံးများ၊ မီးချိတ်မီးကပ်များ၊ မီးသတ် ဆေးဘူးများစသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်အကျထားရှိမှုများ ရှိ/မရှိစစ်ဆေးခဲ့ပြီး အမှိုက်များကို စနစ်တကျရှင်းလင်းထားရှိရေး၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရေး ကွင်းဆင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထို့အပြင် ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် အစိုးရအဆောက်အအုံများ၊ စက်ရုံအလုပ်ရုံးများ၊ စက်သုံးဆီ အရောင်းဆိုင်များတွင်လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ဆေး စစ်ဆေးခြင်း များနှင့် အသိညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်