သရက်ချောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်ငွေများထုတ်ပေး

သရက်ချောင်း  ဧပြီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား၀န်ထမ်းလစာထုတ်ယူခွင့်ရှိသူ (၆၈၁)ဦးရှိ သည့်အနက် ယနေ့တွင် မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်ထုတ်ယူသူဦးရေ (၁၂၈ )ဦးအား ငွေကျပ်သန်းပေါင်း( ၁၆၆၁၆၈၂၈.၈၇)ပြားကို  ထုတ်ပေးနိုင်ခဲ့ကြောင်း ကျန်ရှိနေသည့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ အငြိမ်းစား၀န်ထမ်းများကိုလည်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယုယုဌေးထံမှ သိရသည်။

သားကြီး(သရက်ချောင်း)