ထားဝယ် ဧပြီ ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲကို ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ ဝင်ရောက် ယှဉ်ပြိုင်ကြရာ ထားဝယ်ခရိုင် အနေဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ သတ္တမတန်း ကျောင်းသူ မဧကရီထက်အောင်က "စည်းလုံးခြင်းသည်အင်အား" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ထားဝယ်ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူနှင့် အကဲဖြတ် ဒိုင်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
နွေရာသီကျောင်းပိတ်အားလပ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူလူငယ်များ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျိုးဆက်သစ်လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်း မှတ်ဉာဏ် အားကောင်းလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကို ပြုလုပ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြပွဲပြိုင်ပွဲ များနှင့်သင်တန်းများကိုလည်း ဆက်လက် ပြုလုပ်ပေးရန်အစီအစဉ်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ ထံမှသိရသည်။
ရွှေပင်လယ်(ထားဝယ်)