ရန်ကုန် ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊ စျေးများဌာနနှင့် သန့်ရှင်းရေဌာနတို့မှဦးစီ၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက် ၇ နာရီ အချိန်မှစတင်၍ အမှတ် (၈) ရပ်ကွက် မြန်မာအသံနှင့် ရုပ်မြင်သံကြား အိမ်ရာရှိဝန်ထမ်းအိမ်ရာများတွင် တိရစ္ဆာန်ဆေးကုသရေးနှင့် သားသတ်ရုံများဌာနမှ ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကိုလည်ကောင်း၊ စျေးများဌာနမှ ရေထွက်ပစ္စည်းငါးနှင့် ပုဇွန်များကိုလည်ကောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းနှင့် ကုန်ခြောက်အမျိုးမျိုးကို စျေးနှုန်းချိုသာစွာဖြင့် ချပေးလျက်ရှိရာကြက် တစ်ပိသာလျှင် (၅၀၀၀) ကျပ်၊ အမဲသားတစ်ပိသာ (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိသာ (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိသာ (၂၀၀၀၀) ကျပ်၊ ကြက်ဥ (၁၀) လုံးပါ တစ်ကဒ် (၁၃၀၀) ကျပ်၊ ဆန်ချော (၅) ပြည်ပါ တစ်အိတ် (၈၅၀၀) ကျပ်၊ ဆန်ကြမ်း (၅) ပြည်ပါ တစ်အိတ် (၅၀၀၀) ကျပ်၊ ဆီ (၅၀) ကျပ်သားတစ်ဘူး (၁၈၅၀) ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့များမှ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
စိမ်းလဲ့ (ပြန်/ဆက်)