ပန်းတောင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာသင်တန်း ဖွင့်ရန်အတွက် ဆွေးနွေးပွဲ ပြုလုပ်

ပန်းတောင်း ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင်  အထောက်အကူပြု နည်းပညာသင်တန်း ဖွင့်ရန်အတွက် ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုရန်အတွက် နည်းပညာနှင့် ပတ်သက်သည်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး၊ ယက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း ရွှေတောင်မြို့ ကျောင်းအုပ်ဆရာကြီးနှင့် ပြည်ခရိုင် ဦးစီးမှူး လ/ထညွှန်မှူး ဦးငြိမ်းမြင့်ဇော်တို့က သင်တန်း ဖွင့်လှစ်လျှင်ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့၍ ဆွေးနွေးပွဲသို့ တတ်ရောက်လာသော စာရေးဆရာ ဥက္ကဋ္ဌ ဦးလှကျော်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာအသင်းတို့ အင်အား (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)