ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများအား နဝမအသုတ်(ပထမ)အကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Covaxin)ဆက်လက်ထိုးနှံ

ပေါက်တော  ဧပြီ  ၂၄

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား နဝမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့နံနက် ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေး ထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီး ဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီး သည့်သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိ​သည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နဝမအသုတ်(ပထမ)အကြိမ်ကို ယမန်နေ့က အခြားဝင်ငွေရှိသောလုပ်ငန်း လုပ်ကိုင်သူ(၂၁၉၄)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။ ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဧပြီလအတွင်း ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ရာခိုင်နှုန်းမှာ ဧပြီလ(၂၃)ရက်နေ့အထိ (၉၄.၉၃)ရာခိုင်နှုန်း ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)