မိုးညိုမြို့နယ်တွင် စာရေးဆရာ ဒေါက်တာကျော်စိန်၏" လူငယ်လမ်းညွှန်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်

မိုးညို ဧပြီ ၂၆

သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေး ဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် "လူငယ်လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊  အသိပညာဗဟုသုတများကို တဆင့် ပြန်လည်မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ  ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားထားသော" လူငယ်လမ်းညွှန်" စာအုပ်ပါ အသိပညာပေး ဆောင်းပါးများကို (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးမြသန်းက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်မှ လူငယ်ဟူသည်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးဝင်းတင်က "ကိုယ်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဆောင်းပါးများကို ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)