ပေါက်ခေါင်း ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ ကျက်သရေဆောင် လေးမျက်နှာစေတီတော်မြတ်ကြီး (၁၃) ကြိမ်မြောက် အသံမစဲမဟာပဌာန်း ဒေသနာတော်ရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၆ နာရီက လေးမျက်နှာစေတီတော် ဂန္ဓကုဋီတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲတွင် မြို့နယ်သံဃာ့နာယကဩဝါဒ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ပေါက်ခေါင်းမြို့ ကျက်သရေဆောင် လေးမျက်နှာ စေတီရင်ပြင်တော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ ဧပြီလ ၂၆ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ ၅ ရက်တိုင်ရွတ်ဖတ် ပူဇော်မည်ဖြစ်ပြီး၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများက ပဌာန်းရွတ်ဖတ် ပူဇော်သည့် သံဃာတော်များအတွက် အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကို နေ့စဉ်ကုသိုလ်ယူ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)