ဝိုင်းမော် ဧပြီ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမတွင် မေ(၅) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သက်မွန်က ပွင်းလင်းရာသီဖြစ်သည့်အတွက် "မီးဘေးရှောင် မလောင်ခင်တား" ဆောင်ပုဒ်နှင့်အညီ မီးလောင်မှုလျော့နည်းအောင် မီးဘေးလုံခြုံရေး အသိပညာပေး ဆောင်ရွက်ရခြင်းအကြောင်းကို ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်သူရက မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော မီးဘေးကြိုတင်ကာကွယ်မှုများ၊ မီးလောင်မှုဖြစ်ပွားနေချိန်အတွင်း ပြည်သူများ လိုက်နာရမည့်တာဝန်များ၊ မိမိကစ၍ မီးမလောင်စေရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးနှင့် မီးသတ်ဆေးဗူးများထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်န်ဆုံးဆက်သွယ်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဝိုင်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ်ကာလအတွင်း မီးလောင်ဆုံးရှုံးမူ မရှိသေးကြောင်းနှင့် မေ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဝိုင်းမော်မြို့နယ် အောင်ချမ်းသာဘုရား ရေသပ္ပါယ်ခြင်း၊ မြို့ရွာသန့်ရှင်းရေးများ ဆောင်ရွက်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
ဝိုင်းမော်(ပြန်/ဆက်)