ကမာရွတ်မြို့နယ်၌ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေး

ရန်ကုန် ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိအကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံ ရသေးသည့်  ပြည်သူမျာရောဂါကာကွယ် SHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ် (၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များ​ ဆေးရုံအ​ရေး​ပေါ်နှင့်ပြင်ပလူနာဌာနတို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၈) နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံပြန်​ရေး​ ကော်မတီအဖွဲ့ဝင်များ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ လဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှုးများ၊ မြို့နယ်ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များပူး​ပေါင်း၍ ကာကွယ်​ဆေးထိုးနှံရန် လာ​ရောက်ကြသူများကို အဆင်​ပြေ​ချော​​မွေ့စွာ ​ဆေးထိုးနိုင်ရန် ဝိုင်းဝန်းကူညီ​ဆောင်ရွက်​ ပေးလျက်ရှိပါ​ကြောင်း သိရပါသည်။

စိမ်းလဲ့(ပြန်/ဆက်)