အုတ်တွင်း ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပုံတူပန်းချီသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ဧပြီ၂၅ရက်နေ့ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့အချိန်ထိ စတုတ္ထနေ့ ရက်မြောက်အဖြစ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဆက်လက်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သူ အလယ်တန်း၊ အထက်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ(၄၁)ဦးအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ အတွက် Mask နှင့် Hand Gel များ လှူဒါန်းခဲ့ပြီး၊ ယနေ့တွင် အလှူရှင်ခင်တန်းကျေးရွာနေ ဦးမြင့်ငွေနှင့်ဇနီး ဒေါ်လေးနွယ်မိသားစုမှ မုန့်လက်ဆောင်း အာဟာရ တိုက်ကျွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်ခင်မာ