မတ္တရာ ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်၂နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ယနေ့ နံနက်(၉) နာရီ အချိန်မှ စတင်၍ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးစမှ အသက်၂နှစ်အထိ ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး များကိုလည်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များ တွင် နံနက် ၉နာရီမှ နေ့ ၁၂နာရီအတွင်း ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ လ ၄ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးငယ်(၄၇၀၀)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)