ပေါက်ခေါင်း မေ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းအချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊နေအိမ်(၁၃)လုံး အမိုးလန်ပျက်စီးပြီး၊ နေအိမ်(၂)လုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထုံးတောင်ကျေးရွာအုပ်စု၊ ဇလွန်စမ်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ နေအိမ်(၇)လုံးအမိုးလန်ပျက်စီးပြီး၊ နေအိမ်(၁)လုံး ပြိုလဲပျက်စီးပြီး၊ နလန်တောင်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၆) လုံးအမိုးလန်ပျက်စီးပြီး၊ လူနေအိမ်(၁)လုံးပြိုလဲပျက်စီးခဲ့ရာ၊ စုစုပေါင်းလူနေအိမ်(၁၃)လုံးနှင့် ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်းအမိုးလန်ပျက်စီးပြီး၊ နေအိမ်(၂)လုံးပြိုလဲပျက်စီးခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့်လူ နှင့်တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် လေဘေးသင့်အိမ် ထောင်စုဝင်များအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီ၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဖများက ပြန်လည်နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)