ဘုရားသုံးဆူ မေ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွ င်ရှေးဦးပြုစုခြင်းခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်၃ရပ်ကွက်ရှိ ပြည်ထောင်စုခန်းမ၌ မွန်းလွဲ ၂ နာရီအချိန် တွင် သင်တန်းဆင်းပွဲစတင်ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနား အားဘုရားသုံးဆူမြို့ကြက်ခြေနီအသင်းခွဲ (ငယ်)ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်း၊ ဘုရားသုံး ဆူမြို့ကြက်ခြေနီ အသင်းတပ်ဖွဲ့မှူး ဦးမြင့်င်နိုင်နှင့်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားဦး ရေ၄၀ဦးခန့်တက်ရောက်ခဲ့ကြသည်။ ၎င်းသင်တန်းကို ၂၇ရက်နေ့မှ ၃၀ ရက်နေ့ထိ ၄ ရက်တိုင်တိုင် သင်ကြားပို့ချခဲ့သည်။ ရှေးဦးစွာသင်တန်းသားများအား မိုင်းအန္တရယ် အသိပညာပေးပြောကြားပြီး နောက် ပို့ချသည့်ဘာသာရပ်များအား စာမေးပွဲဖြေဆိုခဲ့ပါသည်။ ထို့နောက်သင်တန်းသား သင်တန်းသူ များမှ မိမိတို့တတ်သိနားလည်သည့် ဘာသာရပ်အချို့အား လက်တွေ့သရုပ်ပြသခဲ့ပြီး နောက်ဒေါက်တာ စိုးဝင်းမှ သင်တန်းဆင်းအပိတ် သြဝါဒပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးဆုရရှိသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ပြီးနောက် ညနေ ၄ နာရီ အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့သည်။
အောင်သူဟိန်း