ကျောက်တလုံးကြီး မေ ၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ယနေ့နံနက်(၁၀)နာရီ အချိန်က ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များကို အခမဲ့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်းစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်/စာငှားပရိသတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်ပြီး Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြောင်းသိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊စာစောင်ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)