ပေါင်းတည် မေ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်က ကလေးများနှင့်လူငယ်လူရွယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး အတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ စုပေါင်းလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်တတ်စေရန်၊ စာပေဖတ်ရှုလိုစိတ် မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်းအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ မူလတန်းဆင့်ကျောင်းသားကျောင်းသူ(၆)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန် /ဆက်)