နတ်တလင်း မေ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့ ပူးပေါင်းကျင်းပပြုလုပ်သော ရှေးဦးသူနာပြုစုနည်းသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လူထု အခြေပြု ဗဟိုဌာန Community Centreခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် သင်တန်း ဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးငြိမ်းချမ်းချိုက သင်တန်းတွင် သင်ကြားမည့် အစီအစဉ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်တန်းကို စာတွေ့၊ လက်တွေ့ဆက်လက်သင်ကြားခဲ့သည်။
အဆိုပါ ရှေးဦးသူနာပြုစုနည်း သင်တန်း(၁/၂၀၂၂)သို့ သင်တန်းသား သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၃)ရက် ဖြစ်ကြောင်း သိရှိရသည်။
ဝေယံဖြိုး