နတ်တလင်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်၊ လူရွယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှေးဦးသူနာပြုစုနည်း သင်တန်း (၂) ရက်မြောက်နေ့ကို ယနေ့ နံနက် ၈ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆက်လက် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
သင်တန်း (၂)ရက်မြောက်နေ့တွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးငြိမ်းချမ်းချိုနှင့် နည်းပြများက သင်တန်းတက်ရောက်ရခြင်း၏ အကျိုး သက်ရောက်ပုံကို သင်တန်းသား / သူများနှင့် ဆွေးနွေးပြီးနောက် စာတွေ့၊ လက်တွေ့ နှစ်မျိုးစလုံးဖြင့် ကျွမ်းကျင်စွာတက်မြောက်စေရန် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့ဖြင့် (၂) ရက်မြောက်နေ့ကို သင်ကြားပို့ချနေပြီး နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး အတွက် အခမဲ့သင်တန်းများအပြင် စာအုပ်စာစောင်ပြပွဲများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ များကိုလည်း ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)