မြစ်သား မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်ထံသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖက်ပရိသတ်များအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ/ရသစာအုပ်များကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် mobile library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာများသို့လည်း အပတ်စဉ် ကွင်းဆင်းငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။
သီတာအောင်(မြစ်သား)