အုတ်ဖို မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျွန်းကုန်းကျေးရွာအုပ်စု၊ တင်ဆိပ်ကျေးရွာအုပ်စုနှင့် နနွင်းကုန်း ကျေးရွာအုပ်စုတို့ရှိကျေးရွာ (၃) ရွာတွင် မေလ ၅ ရက်နေ့က လေဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
လေဘေးသင့်ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြိုလဲပျက်စီးနေအိမ် (၁) လုံးနှင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၄) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၅၀၀၀ဝ) ကျပ်၊ အိမ်ထောင်စု (၅) စုရှိ လူဦးရေ (၁၅) ဦးတို့အတွက် ဆန်ဖိုးထောက်ပံ့ငွေ (၃၁၅၀ဝ) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၈၁၅၀ဝ) ကျပ်နှင့် ပြိုလဲလူနေအိမ် (၁) လုံးရှိ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) အိမ်ထောင်စုစာနှင့် စက္ကူကတ္ထူပုံး (၁) ပုံးတို့အား လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ