ကျောက်တံတား မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အေနာက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန် စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယမန်နေ့ နံနက် ပိုင်း ၉ နာရီအချိန်က အမှတ် (၃) ရပ်ကွက်အတွင်းရှိ လမ်းများ၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ လျှပ်စစ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများ ခုတ်ထွင်းခြင်း၊ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်းနှင့် လူသွားစင်္ကြန်လမ်းများအားပြုပြင် ပြင်ဆင်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်း မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်စေရန် ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)