ဖားဆောင်းမြို့နယ် ဝမ်အောင်းကယားကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကယားပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဝမ်အောင်းကယားကျေးရွာလယ်ယာကုန်ထုတ်၊ လမ်းတံတားလုပ် ငန်းများကို မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။