ဖား​ဆောင်းမြို့နယ်​ ဝမ်​အောင်းကယား​ကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ တာဝန်ရှိသူများ ကွင်းဆင်းစစ်​ဆေး

ဖား​ဆောင်း   ဒီဇင်ဘာ    ၂၁

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကယားပြည်နယ်၊ ​​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပြည်နယ်​ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့်ဆောင်ရွက်သည့် ဝမ်​အောင်းကယား​ကျေးရွာလယ်ယာကုန်ထုတ်၊ လမ်းတံတားလုပ် ငန်းများကို မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ ကြီးကြပ်ရေး​ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယ​နေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်းသိရသည်။

မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ ကြီးကြပ်ရေး​ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် သုခ​​အောင်​မြေကုမ္ပဏီမှ တာဝန်ယူ​ဆောင်ရွက်သည့် ဝမ်​အောင်းကယား​ကျေးရွာလယ်ယာကုန်ထုတ်လမ်း သိပ်သည်းပြီး​မြေသားလမ်း(၁၀၅၆​ပေ×၁၈​ပေ)(၁​ပေထု)ခင်းခြင်းလုပ်ငန်း၊ သိပ်သည်းပြီး သဲ​ကျောက်လမ်း(၁၅၆၀​ပေ×၁၂​ပေ)(၉လက်မထု)ခင်းခြင်းလုပ်ငန်း၊ သစ်သားတံတားအမှတ်(၁) (၃၆​ပေ×၁၆​ပေ×၁၀​ပေ)တစ်စင်း၊ သစ်သားတံတားအမှတ်(၂) (၄၅​ပေ×၁၆​ပေ×၁၀​ပေ)တစ်စင်း၊ တံတားအမှတ်(၃)(၃၀​ပေ×၁၆​ပေ×၁၀​ပေ)တစ်စင်း၊ Box Culvert တံတား(၆​ပေ×၂၀​ပေ×၁၀​ပေ)တစ်စင်း၊ ​ရေ​ကျော်တံတား(၁၅​ပေ×၁၈​ပေ×၂​ပေ)တစ်စင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်​ဆေးခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းများ ​ဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ခံများက လိုက်လံရှင်းလင်းပြသခဲ့​ကြောင်းနှင့် လုပ်ငန်းများကို သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ​ဆောင်ရွက်ရန် တာဝန်ရှိသူများမှ လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)