ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်း ပြုလုပ်

ဖားဆောင်း ဒီဇင်ဘာ ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ​​ယမန်နေ့ ​​နေ့လည် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာပေချစ်မြတ်နိုးသူများအချင်းချင်း စာဖတ်သူအကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ လစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာရေးဆရာ​ကြည်လွင်မြင့်(​​မုဒြာ)​​ရေးသားသည့် ​​အလစ်​​ချောင်း​နေ​သော​လေဖြတ်​ရောဂါစာအုပ်မှ “​​​​​လေမဖြတ်​အောင်ကြိုတင်​ရှောင်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး (book club)အဖွဲ့ဝင် ဦးနိုင်သူဝင်းက “အရက်တစ်ခါတစ်ရံ​​​သောက်ပြီး​လေဖြတ်ခြင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ (book club)အဖွဲ့ဝင် ဦး​​​စောလယ်မူးက စက်ဘီးစီးလျှင်​​လေဖြတ်ခြင်းမှကာကွယ်နိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ​ဒေါ်ဖူး​ဝေ​ဇော်က ပါးရွှဲ့၊ သို့မဟုတ်မျက်နှာတစ်ခြမ်း​လေဖြတ်ခြင်း ဟူ​​သော ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင်များ ပြသထားရှိမှုကိုလည်း စာပေချစ်မြတ်နိုးသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)