ဖားဆောင်းမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ ဆက်လက်ကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်တွင် ဆက်လက်ကျင်းပသည်။