(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ သွားရောက်မည့် ကယားပြည်နယ် ကိုယ်စားပြုအဖွဲ့ဝင်များအား ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော် ဒီဇင်ဘာ ၂၁

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ သွားရောက်မည့် ကယားပြည်နယ်ကိုယ်စားပြုအဖွဲ့ဝင်များအား ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အတွက် ပြည်နယ်အနေဖြင့် ဂုဏ်ပြုအလှပြယာဉ်၊ ပြည်နယ်ကိုယ်စားပြုပြခန်း၊ ရိုးရာအစားအသောက်ပြခန်းနှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ ပြည်နယ်ကိုယ်စားပြုအကအဖွဲ့စသည့် ကဏ္ဍများဖြင့် ပါဝင်ဆင်နွဲ နိုင်ရန်နှင့် ပြည်နယ်ကိုယ်စားပြု တာဝန်ပေးအပ်ထားသူများအတွက် လိုအပ်သည့်ပြင်ဆင်မှုများ၊ အုပ်ချုပ်မှုကိစ္စရပ်များကို ပြည်နယ်အစိုးရအဖွဲ့မှ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ အုပ်ချုပ်ကြီးကြပ်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အကအဖွဲ့ဝင်များက သတ်မှတ်စည်းကမ်းများကို အထူးလိုက်နာပြီး မိမိတို့၏ကျန်းမာရေးကို ဂရုပြုကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် ဂုဏ်ယူရမည့်လုပ်ငန်းတစ်ခုဖြစ်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် မိမိတို့၏တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်ဂုဏ်ပြုယာဉ်အဖွဲ့၊ ပြခန်း၊ ရိုးရာအစားအသောက်နှင့် ဒေသထွက်ကုန်ပစ္စည်းများ အရောင်းပြခန်းနှင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မည့် အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့သွားရောက်မည့် ကယားပြည်နယ် ကိုယ်စားပြု အကအဖွဲ့ဝင်များ၏ဝတ်စုံပြည့် လေ့ကျင့်ကပြ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး အုပ်ချုပ်သူများနှင့် အကအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)