ဖားဆောင်း ဒီဇင်ဘာ ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က (ကထက)ဖားဆောင်းကျောင်းပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်နန်းသဲနုအောင်က လွတ်လပ်ရေးနေ့နှင့်အမျိုးသားရေးတာဝန်အကြောင်းအသိပညာပေးဟောပြောပြီး အလယ်တန်းပြဆရာဦးအောင်မျိုးသွင်က လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်ကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့အလယ်တန်းဆင့်၊ အထက်တန်းဆင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)