မယ်စဲ့မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

မယ်စဲ့    ဒီဇင်ဘာ   ၂၂

ကယားပြည်နယ်၊  မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ   နာရီခွဲက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ဗြိတိသျှကိုလိုနီဘဝကို နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝဖြင့် ခါးသီးစွာခံစား  ခဲ့ရပြီး လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မျိုးချစ်ပုဂ္ဂိုလ်ကြီးများ၏ ခေါင်းဆောင်မှုအောက်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွှတ်စွာ ကြိုးပမ်းခဲ့မှုဖြင့် အသက်၊ သွေး၊ ချွေးများ စတေးခံရပြီးမှ လွတ်လပ်ရေး ပြန်လည်ရရှိပုံတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု နံရံကပ်စာစောင်၊ ဓတ်ပုံမှတ်တမ်းများ ပြသခြင်းနှင့် သုတ၊ ရသစာအုပ်များ ကို ပြသခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)