(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကျင်းပ 

ဖားဆောင်း   ဒီဇင်ဘာ   ၃၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း ဘောလုံးကန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါကျောင်း၀န်းအတွင်း၌  ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲ၌ မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ ဘောလုံးကန်ပြိုင်ပွဲ၊ ကျောင်းသားခြင်းလုံးခတ်ပြိုင်ပွဲ၊ မီတာ၅၀၊ မီတာ၁၀၀၊ မီတာ၂၀၀၊ အိတ်စွပ်ပြေး၊ ခြေပူးတွဲပြေး၊ အာလူးကောက်၊ လက်ဆင့်ကမ်း၊ အလျားခုန်၊ ၃ ဆင့်ခုန်၊ အမြင့်ခုန်ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၁၂၅)ဦးခန့် ပါ၀င်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို(၂)ရက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)