လွိုင်ကော်မြို့၌ သန့်ရှင်းလတ်ဆတ်သည့် အသားငါးများ စားသုံးနိုင်ရေး ကွင်းဆင်းစစ်ဆေး
ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ငါးလုပ်ငန်းဦးစီးဌာန၊ လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ FDA၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သည့် အဖွဲ့သည် စားသုံးသူတို့၏ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အသားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိမရှိကို ဇန်နဝါရီလ ယမန်နေ့ နံနက် (၈)နာရီအချိန်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည််။