ကယားပြည်နယ်

ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (အခြေခံ၊ အဆင့်မြင့်) အပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးပညာပေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ၊အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်

ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုး၊ မွေးမြူရေးတောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ​ဒေ (၂၀၂၂ခုနှစ်)အရ​ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အ​ကောင်အထည်​ဖော်​ဆောင်ရွက်​ရေးလုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်​သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ​ဒေ(၂၀၂၂ခုနှစ်)အရ ​ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ​အောင်မြင်စွာ အ​ကောင်အထည်​​ဖော်ရွက်နိုင်​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​မန်​နေ့က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်း ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ​​ယမန်နေ့ ​​နေ့လည် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ကယားပြည်နယ်အစိုးရဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) သို့ အင်အားဖြည့်စားသောက်နိုင်ရေး ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ သွားရောက်ပြီး သင်တန်း တက်ရောက်လျက်ရှိသော တိုင်းရင်းသား သင်တန်းသား/သင်တန်းသူများ အင်အားဖြည့် စားသောက်နိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

လွိုင်ကော်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ကျင်းပရာ ကယားပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ခေတ္တလူမှုရေးရာဝန်ကြီး ရဲမှူးကြီးမောင်မောင်ဦး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အမျိုးသမီးကော်မတီဝင်များ နှင့် အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး

လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် မင်းကျောင်းဘုန်းတော်ကြီးဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်