လွိုင်ကော် ဇန်နဝါရီ ၉
ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ငါးလုပ်ငန်းဦးစီးဌာန၊ လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ FDA၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သည့် အဖွဲ့သည် စားသုံးသူတို့၏ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အသားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိမရှိကို ဇန်နဝါရီလ ယမန်နေ့ နံနက် (၈)နာရီအချိန်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည််။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက အသားငါး၊ ကြက်ဥ နှင့် ဘဲဥအရောင်းဆိုင် ၂၆ ဆိုင်အား စားသုံးသူများ လုံခြုံစိတ်ချမှု ရှိစေရေး အသိပညာပေး စစ်ဆေးခဲ့ပြီး သန့်ရှင်းလတ်ဆတ်မှုမရှိသော အသားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကိုဇင်(ပြန်/ ဆက်)