(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ လွိုင်ကော်မြို့တွင် ဖြန့်ဝေ

လွိုင်ကော် ဇန်နဝါရီ ၃

၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်း၌ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်ပြီး၊ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃-ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၄-၁-၂၀၂၂ ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းနှင့်ဆောင်ပုဒ်များ စသည့် အခြားသော ဗဟုသုတရဖွယ် အကြောင်းအရာများတို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)