ဘောလခဲ ဇန်နဝါရီ ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်သီချင်ဖြင့် အခမ်းအနားဖွင့်လှစ်ပေးပြီး ခရိုင်ပညာရေးမှူး ဒေါ်သိန်းတင်မှ အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများမှ အသီးသီးဆုချီးမြှင့်ကြကာ ကျောင်းသား/သူများမှ ရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို (ပြည်မြန်မာ) သီချင်းဖြင့်ရုတ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။
ခရိုင်