ဘောလခဲမြို့ အထကကျောင်း၌၂၀၂၂-၂၀၂၃ ခုနှစ်   ပညာရေးစုံညီပွဲတော်ကျင်းပ

ဘောလခဲ ဇန်နဝါရီ   ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်ကကျင်းပသည်။

အခမ်းအနားကိုကျောင်းသား/သူများက (ကြိုဆိုပါသည်စုံညီပွဲတော်) သီချင်းဖြင့်ဖွင့်လှစ် ခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်သိန်းတင် ကအဖွင့်အမှာစကား ပြောကြားရာတွင် ပညာ ရေးစုံညီပွဲကိုကျင်းပပြုလုပ်ပေး နိုင်ကြ၍များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ကျောင်းသား၊ ဆရာ၊ မိဘပေါင်းစပ်ကြိုးစား ဆောင်ရွက်ခြင်းဖြင့်အနာဂါတ်မျိုးဆက်သစ်များစွာပေါ်ထွန်း လာမည်ဖြစ်ကြောင်းယခုလို အစဉ်အလာမပျက် ဝိုင်းဝန်းပူးပေါင်းကြိုး စားဆောင်ရွက်သွား ကြသောဆရာ မိဘကျောင်းသားများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းမှ ထပ်ဆင့်အမှာစကားပြောကြားပြီး၊ ဆုရထူးချွန် ကျောင်းသားနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင်ဆုရရှိသူများအား တာဝန်ရှိသူများအသီးသီးကဆုများပေးအပ်ခဲ့ကြသည်။

အဆိုပါပညာရေးစုံညီပွဲတော် အခမ်းအနားကို ဘောလခဲခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ အထကကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသား မိဘများ စုစုပေါင်းအင်အား ၂၀၀ ဦး ခန့်တက်ရောက်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူများက အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အထက်တန်း ကျောင်းသား/ သူများမှ(ပြည်မြန်မာ) သီချင်းဖြင့်သီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်