မယ်စဲ့မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

မယ်စဲ့ ဖေဖော်ဝါရီ ၉

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြိုင်ပွဲများပြုလုပ်ရာတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ပြည်ထောင်စုစည်းလုံးညီညွတ်ရေးသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ပြည်ထောင်စု အစပင်လုံက ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၌ ဒို့ညီနောင်စုတည် ထောင်ပြုပြည်ထောင်စုအတွက်လက်ချင်းယှက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ၌ တွဲလက်ညီညီရှေ့သို့ချီ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်း သူ ၃၅ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲယှဉ်ပြိိုင်နေ့မှုအား မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းသန်းက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ ဆက်)