ဖားဆောင်း ဖေဖော်ဝါရီ ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကလေးငယ်များကာယ၊ ဉာဏစွမ်းရည်များ ပြည့်ဝစေရန်၊ မိမိ၏ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်တတ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲများမှာ အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဖားခုန်ခုန်ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲများဖြစ်ပြီး အားကစားပြိုင်ပွဲများကျင်းပနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ရပ်မိ၊ ရပ်ဖများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဖားဆောင်းမြို့ မူလတန်းကြိုကျောင်းမှကျောင်းသား၊ကျောင်းသူ(၃၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဆုရရှိသည့်ကလေးငယ်များအား ဆုများကို (၁၀-၂-၂၀၂၃)သောကြာနေ့၊ နံနက်ပိုင်းတွင် ၄င်းကျောင်း၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန(တာဝန်ခံ)ထံမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)