မယ်စဲ့ ဖေဖော်ဝါရီ ၉
ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရည်သန့်ရှင်းပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဌာနက ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာန အထက်တန်းသူနာပြု ဆရာမဒေါ်နန်းဝင်းကြည်နှင့် ကျန်းမာရေးဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ သန်ချဆေး တိုက်ကျွေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အပျိုဖော်ဝင်စနှင့် မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆရာ၊ ဆရာမများနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)