လွိုင်ကော် ဖေဖော်ဝါရီ ၁၂
ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်း မြို့ ၊ ရွာ သန့်ရှင်းသာယာ လှပစေရေး၊ ခြင်အန္တရာယ်နှင့်အခြားရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ သင်တန်းကျောင်းများ ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်နယ်ဧည့်ရိပ်သာ ၊ ဝန်ထမ်းအိမ်ရာများနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လွိုင်ကော်မြို့သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်းအတွင်း၊ ပြည်နယ်ဧည့်ရိပ်သာ၊ ဝန်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာရုံးများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြောင်း သိရှိရသည်။
ကိုဇင်(လွိုင်ကော်)